နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများ ထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲ၊ အိမ်ထောင်စုလူဦးရေစာရင်းပေးအပ်ခြင်းနှင့် မျောပါအိမ်ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ရာဂီမုန်တိုင်းအချိန်ဖြင့် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကံကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၄၂၆ ကွင်းတွင် ကျင်းပခဲ့သည်။