နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်တွင် ကောက်စိုက်စက်ကြီးများဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို သွားရောက် ကြည့်ရှုအားပေး၊ သုတအလင်း စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနား တက်ရောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးမြင့်စိုးနှင့် ဦးမင်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်ဝေး-ဥသျှစ်လှိုင်း ကျေးရွာသွားလမ်းရှိ လမ်းဦးစီးဌာန(ကြီးကြပ်ရေးအဖွဲ့)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မဒေါ့ပင်အုပ်စု၊ ဂုဏ်မင်းမြှောင်ကျေးရွာအဝင်၊ တံတားအမှတ်(၃/၇) ယာယီဘေလီတံတား ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တံတားဆောင်ရွက်နေမှုအခြေအနေများကို လမ်းဦးစီးဌာန(ကြီးကြပ်ရေးအဖွဲ့) ညွန်ကြားရေးမှူး ဦးသိန်းသန်းထွန်းက ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တံတားခိုင်ခံ့ကောင်းမွန်ရေး၊ သတ်မှတ်ရက်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။