နေပြည်တော်ကောင်စီနယ်မြေ

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်   ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာနှင့် ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က - ၁၄ သို့  သွားရောက်ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်၊ မင်္ဂလာကန်တော်ခန်းမတွင် ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများအား ဆေးဝါးများ တိုက်ရိုက်ရောင်းချပေးနေမှုကို ကြည့်ရှုအားပေး

ဆေးဝါးဈေးနှုန်းတည်ငြိမ်စေရေးနှင့် ပြတ်လပ်မှုမရှိစေရန် ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ နေပြည်တော်ကောင်စီ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကာ “ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများအား ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲ”ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ မင်္ဂလာကန်တော်ခန်းမတွင် ရောင်းချပေးနေမှုကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၌ စားသုံးဆီအား သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဝင် ဦးအောင်သူဖြိုး (ရွှေကလပ်ကုန်စုံဆိုင်)မှ စားသုံးဆီလိုအပ်သည့် ပြည်သူများကို ယမန်နေ့နံနက်ပိုင်းက သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်ချပေးခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ်၌ မိုးစပါးများကို   ၄၈၄၇၂ ဧက လျာထားစိုက်ပျိုး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း မိုးစပါးများကို ဆည်ရေသောက်စနစ်၊ မိုးကောင်းသောက်စနစ်များဖြင့်  ၄၈၄၇၂ ဧက လျာထားစိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများမှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ဇေယျာသီရိမြို့နယ်၌ စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း (Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စုအတွင်းမှ ပြည်သူများအား တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းဆေးကုပေး

နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် သံခဲတောင်ကျေးရွာတွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ထန်းတောကြီးကျေးရွာ အုပ်စု၊ သံခဲတောင်ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ