တပ်ကုန်းမြို့နယ်၌ ငလျင်ဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့်နွားများအစား နွားများပြန်လည် ပေးအပ်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မန္တလေးမြေငလျင်လှုတ်ခတ်မှုကြောင့် ကြူအင်း၊ မြောက်မြိုက်(ရှ)နှင့် မြောက်မြိုက်(န)ကျေးရွာများတွင် နွားထီး တစ်ကောင်၊ နွားမ သုံးကောင် သေဆုံးမှုဖြစ်ပွားခဲ့ရာ နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာများတွင် ပျက်စီးခဲ့သည့် နွားများအစား နွားများပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။