နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း ဆောင်းဆီထွက်သီးနှံ နေကြာနှင့် မတ်ပဲစိုက်ခင်းများ စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ သစ်လေးလုံးနှင့် နတ်သရဲကျေးရွာ တောင်သူများ၏ ဆောင်းဆီထွက်သီးနှံ နေကြာနှင့် မတ်ပဲများ စိုက်ပျိုးထားရှိမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီရဲမိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။