နေပြည်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကျောက်ပုံးရိုက် လုပ်သားသင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်၊ ဝန်ထမ်းအိမ်ရာ ပြန်လည်ပြုပြင်နေမှုနှင့် အသစ်ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး
နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကျောက်ပုံးရိုက် လုပ်သားအဆင့်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။