ဥတ္တရသီရိမြို့နယ်၌ အဓိကသီးနှံ(၁၀)မျိုးပန်းတိုင် အထွက်နှုန်း မရရှိခြင်းအား စစ်တမ်းမေးခွန်းများ ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ အဓိကသီးနှံ(၁၀)မျိုးကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းမရရှိခြင်းအား တောင်သူများနှင့် တွေ့ဆုံစစ်တမ်းမေးခွန်းများ ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။