တပ်ကုန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးကစားနည်းများ သင်ကြားပေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ကစားနည်းများ သင်ကြားခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။