နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့၌ မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးသင်တန်းဖွင့်

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မိုးစပါးအပါဝင် သီးနှံများပန်းတိုင် အထွက်နှုန်းရရှိ‌‌ရေး တောင်သူနည်းပညာ​ပေးနှင့်သဘာဝမြေဆွေးပုံပြုလုပ်ခြင်းသင်တန်းကို အောက်တိုဘာ ၂၅ရက် နံနက်ပိုင်းက ရေအေးကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ(KC)ခန်းမတွင် ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အထူးကုဆရာဝန်ကြီးများမှ ကွင်းဆင်း‌ဆေးကုသ ပေးနေမှုကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များနှင့်အတူ တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာ၊ မင်္ဂလာရန်အောင် ဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်ပြည်သူ့ဆေးရုံခုတင်(၃၀၀)နှင့် တပ်ကုန်းမြို့ ပြည်သူ့ဆေးရုံ ခုတင်(၁၀၀)တို့မှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းဆေးကုသ ပေးနေမှု ကို ကြည့်ရှုအားပေးပြီး လာရောက်‌ဆေးကုသမှုခံယူသူများအား အဟာရဖြည့်စားသောက် ဖွယ်ရာများပေးအပ်သည်။

တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်တွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်း ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်မှ ကျေးရွာနေပြည်သူများအား နေပြည်တော်ကုသရေးဦးစီးဌာန၊ နေပြည်တော်ကုတင် ၃၀၀ ပြည်သူ့ဆေးရုံ နှင့် တပ်ကုန်းကုတင် ၁၀၀ ပြည်သူ့ဆေးရုံတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက အုန်းပင်ကျေးရွာ၊ မင်္ဂလာရန်အောင်ဘုန်းတော်ကြီးကျောင်းတိုက်တွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ လူငယ်နှင့်စာဖတ်ခြင်း အသိပညာပေးဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်နှင့်စာဖတ်ခြင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက  နန်းဩကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အဓိကလမ်းမကြီးများနှင့် ဝဲ/ယာများတွင် လမ်းနယ်အတွင်း ကျူးကျော်မှုများ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အဓိကလမ်းမကြီးများနှင့် ဝဲ/ယာများတွင် လမ်းနယ်အတွင်း ကျူးကျော်မှုများ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ပျဉ်းမနားမြို့နယ်အတွင်း  တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ

တပ်ကုန်းမြို့နယ် အခြေခံပညာကျောင်းနှစ်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၊ မကျီးပင်ကျေးရွ ာအခြေခံပညာအထက်တန်းကျောင်းများတွင် စာဖတ်ရှိန် မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ အဆိုပါကျောင်းများတွင် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းဝေး တက်ရောက်

နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ခဲ့သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက  နေပြည်တော်စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းအပါအဝင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့်တွေ့ဆုံ၊ မဲဆန္ဒရှင်စာရင်းလာရာက်ကြည့်ရှုမှုများကို အားပေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည်  လယ်ဝေးမြို့နယ်အတွင်း မဲစာရင်းအပါအဝင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၂၀ ရက်နေ့မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

တပ်ကုန်းမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်ကုသရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၁ ရက်နံနက်က မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ကြသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား  အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ