နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)နှင့်ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေး (DT)ထိုးနှံပြီးစီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကြိုတင်ကာကွယ်နိုင်ရန် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)နှင့် ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေး (DT)ထိုးနှံခြင်းကို အောက်တိုဘာ ၁၃ ရက်မှ ၂၁ ရက်နေ့ထိ ကာကွယ်ဆေးများထိုးနှံဆောင်ရွက်ခဲ့သည်။

ဥတ္တရသီရိမြို့နယ်အတွင်း သီးနှံများတစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်ထွက်ရှိလာသောစိုက်ပျိုးသီးနှံထွက်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ဥတ္တရသီရိမြို့နယ်အတွင်း သီးနှံများတစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ထွက်ရှိလာသော စိုက်ပျိုးသီးနှံထွက်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ  ဒုတိယညွှန်ကြား‌ရေးမှူးချုပ်(နည်းပညာ) ဦးမျိုးဇော်၊ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်နှင့်ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး  နေပြည်တော်အတွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်ရှိရာဇသင်္ဂဟလမ်းမကြီးတစ်လျှောက် လမ်းဘေးပလက်ဖောင်းများပြန်လည်ပြုပြင်နေမှု၊ လမ်းဘေးဝဲယာနှင့် လမ်းလယ်ကျွန်းတစ်လျှောက် စိမ်းလန်းစိုပြည်ရေးရာသီအလိုက်ပန်းအလှပင်များနှင့် အရိပ်ရအပင်များထပ်မံစိုက်ပျိုးထားရှိမှုနှင့်  T လမ်းဆုံရေကန်သန့်ရှင်းသာယာလှပရေး Collector Drain၊ Slop Drainနှင့် ကျောက်စီရေထိန်းနံရံများပြုပြင်နေမှုများကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စိုက်ပျိုးသည့်အပင်များ ရှင်သန်ကြီးထွားအောင်စိုက်ပျိုးကြရန်၊ လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်သွားရန်၊ လမ်းပိုင်းများ သတ်မှတ်အချိန်အတွင်း အမြန်ပြီးစီးအောင်ဆောင်ရွက်ရေးသတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေးနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဇေယျာသီရိမြို့နယ်၌ မိုး၊ ဆောင်း သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေး သင်တန်းဖွင့်လှစ်

ဇေယျာသီရိမြို့နယ်အတွင်း မိုး၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပညာပေးသင်တန်းကို ယနေ့မွန်းလွဲပိုင်းက စည်ပင်သာယာကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေး စင်တာ(KC) ၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဘေး‌ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းမကြီးများ၊ လမ်းဘေးပလပ်ဖောင်းများပြုပြင်‌နေမှုနှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ငလျင်‌ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းဘေးပလပ်ဖောင်းနှင့် ‌လမ်း‌ဘေး‌ဝဲယာသန့်ရှင်းသာယာလှပ‌ရေး ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေထုတ်မြောင်းများ စနစ်တကျဆောင်ရွက်သွားရန်၊ လုပ်ငန်းများ အမြန်ပြီး‌စီးစေရေးအတွက် လုပ်သားအင်အားတိုးမြှင့်ဆောင်ရွက်သွားရန်နှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီ‌‌အောင်အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ၌ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာ‌ပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည်  လယ်ဝေးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လယ်ဝေးမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ အောက်တိုဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက သော်မှော်ကုန်းကျေးရွာ၊ SMU ခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက စတင်၍ သပြေချောင်းကျေးရွာ “ပန်းသပြေ” စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်ပြပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၇၃) အခြေခံပညာ မူလတန်း ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်  ပြပွဲများကို အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အောက်တိုဘာလ ၁၇ ရက်နေ့ညနေပိုင်းက လယ်ဝေးမြို့နယ် ရာဇသိင်္ဂဟလမ်းမကြီးသို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လမ်းပိုင်းများ အပိုင်းလိုက် သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်‌ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုအား ကြည့်ရှုအား‌ပေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် မဲစာရင်းများ ကပ်ထားကြေညာမှုအား ကွင်းဆင်းကြည့်ရှုအားပေး၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ