မျိုးစပါး စိုက်ပျိုးရန်အတွက် မြေပြင်ခြင်းအား ကွင်းဆင်းကြည့်ရှု
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာအုပ်စု တဲကြီးကုန်းကျေးရွာရှိ လယ်ယာဂုဏ်ဆောင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသား တောင်သူ ဦးကျော်မြင့်ဦး၏ စိုက်ဧက ၁ ဒသမ ၅၀ ဧကတွင် မိုးစပါးအောင်နိုင်တိုးမျိုးစပါး စိုက်ပျိုးရန်အတွက် မြေပြင်ခြင်းအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။