လယ်ဝေးမြို့နယ် သစ်ကြိမ်းတံတား ရေတိုက်စားပျက်စီးမှု ကွင်းဆင်းစစ်ဆေး
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးတို့သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၉ ရက်နေ့ မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်၊ သစ်ကြိမ်းကျေးရွာအနီးရှိ သစ်ကြိမ်းတံတားထိခိုက်ပျက်စီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။