တပ်ကုန်းမြို့နယ် မကျီးပင်၊ ညောင်ပင်သာကျေးရွာများအတွင်း သဘာဝဘေးကြောင့် ပျက်စီးမှု၊ ပြန်လည်ဆောင်ရွက်ပေးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ ညှိနှိုင်းခြင်းအစည်းအဝေး ကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စု၊ မကျီးပင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာများအတွင်း သဘာဝဘေးကြောင့် ပျက်စီးမှု၊ ပြန်လည်ဆောင်ရွက်ပေးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ ညှိနှိုင်းခြင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။