နေပြည်တော်ကောင်စီနယ်မြေ

ဇေယျာသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက သာစည်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုလျက်ရှိ

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ယနေ့နံနက် ၉ နာရီတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။

တပ်ကုန်းမြို့နယ်၌ ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာဘာသာရပ် စတင်ဖြေဆို

၂၀၂၅ ခုနှစ်၊ ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တပ်ကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများမှ ယနေ့နံနက် ၉ နာရီက မြန်မာစာဘာသာရပ်ဖြေဆိုခဲ့ရာ  စာစစ်ဌာနရှစ်ခုတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၈၁၆ ဦး၊ ဖြေဆိုသူပေါင်း ၁၇၉၃ ဦး၊ ပျက်ကွက်သူပေါင်း ၂၃ ဦး၊ ၉၈ ဒသမ ၇၃ ရာခိုင်နှုန်း ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လယ်ဝေးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၂၄၇၈ ဦး ဝင်ရောက်ဖြေဆို

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊  မြန်မာစာဘာသာရပ်အား စာစစ်ဌာန ၁၁ ခုတွင်  စတင်ဖြေဆိုလျက်ရှိသည်။

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဦးစီးဌာနရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးစပါးနှင့် ဆီထွက်သီးနှံများအတွက် သွင်းအားစုများပေးအပ်ပွဲ တက်ရောက်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြား

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်‌ဝေးမြို့နယ်၊ ဝင်တဲကူးကျေးရွာ ရွာဦးကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။

နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ ဇေယျာသီရိမြို့နယ်အတွင်းရှိပြည်သူများအား တိုင်းရင်းဆေးဖြင့် ‌ကျန်းမာရေးစောင့်ရှောက်မှုပေး

နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျည်တောင်ကျေးရွာအတွင်းမှ ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ ငလျင်ဘေး၊ ရေဘေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မီးသတ်ဦးစီးဌာနမှ ငလျင်ဘေး၊ ရေဘေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ပြန်လည်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

စီ၊ ဇမ္ဗူသီရိခန်းမ၌ ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြန်လည်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျင်းပရာ ‌နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

တပ်ကုန်းမြို့နယ်၌ တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု ပိုမိုထိရောက်လာစေရန် AI ဉာဏ်ရည်တု နည်းပညာပြန့်ပွားရေးလုပ်ငန်း ဆောင်ရွက်

တောင်သူများအနေဖြင့် ခေတ်မီနည်းပညာများကို လက်လှမ်းမီစေရန် ရည်ရွယ်ပြီး စိုက်ပျိုးထုတ်လုပ်မှုအတွက် အထောက်အကူဖြစ်စေရန် AI ဉာဏ်ရည်တု နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများကို  တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းထွန်း ကြီးကြပ်၍ စိုက်ပျိုးရေးနည်းပညာပေးဝန်ထမ်းများက စိုက်ပျိုးစီးပွား အသိပညာပေးစင်တာများ၊ ကျေးရွာဓမ္မာရုံများ၊ ကျေးရွာအစည်းအဝေးခန်းမများ၊ တောင်သူများ၏ ဖုန်းထဲသို့ Software များ ထည့်သွင်းပေးခြင်း၊ အသုံးပြုခြင်းနည်းလမ်းများကို စမ်းသပ်ပြသခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကျေးရွာအုပ်စုပေါင်း ၂၀ အုပ်စု၊ ကျေးရွာပေါင်း ၇၅ ရွာ၊ ဝန်ထမ်း၊ တောင်သူပေါင်း ၆၀၅ ဦးတို့အား AI ဉာဏ်ရည်တုနည်းပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ