မချမ်းဘော၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade-12) ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ပုံနှိပ်စာအုပ်များ ပြန်လည်အပ်နှံခြင်း အခမ်းအနားကျင်းပ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း(Grade-12) ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်များ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက အ.ထ.က မချမ်းဘောကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။