မြစ်ကြီးနားမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် Grade-12 ကျောင်းသား/ကျောင်းသူများအား တက္ကသိုလ်ပါမောက္ခများမှ Face to Face သင်ကြားပေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် Grade -12 ကျောင်းသား/ ကျောင်းသူများအား မေလ ၂ ရက်နေ့ နံနက်ပိုင်းမှစ၍ သတ်မှတ်နေရာ အသီးသီးတွင် တက္ကသိုလ်ပါမောက္ခများက Face to Face သင်ကြားပေးလျက်ရှိသည်။