ကချင်ပြည်နယ်ဝန်ကြီးချုပ် ဌာနဆိုင်ရာဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်၊ အမှတ်(၁၁) အခြေခံပညာ မူလတန်းကျောင်း(၂)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်
ကချင်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်များမှ နယ်မြေလုံခြုံရေးအရ ပြည်နယ်ရုံးများတွင် လာရောက်တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ကြီးဌာနအသီးသီးအောက်ရှိ အရာထမ်း/ အမှုထမ်းဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးမေခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးချီးမြှင့်ခဲ့ကြောင်း သိရသည်။