ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များမှ ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များထောက်ပံ့

ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဇွန် ၃၀ ရက်နေ့နှင့် ဇူလိုင် ၁ ရက်နေ့တို့တွင် ဧရာဝတီမြစ် ဝှမ်းအထက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့တွင် ရေကြီးနစ်မြှုပ် မှုများဖြစ်ပေါ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး အတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ် ၂၁ ရက် နံနက်ပိုင်းက မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက် ပံ့ပေးအပ်ခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ရေကြီးရေလျှံမှုကြောင့် မြစ်ကြီးနားမြို့ မြစ်ရေဝင်ရောက် ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့သည် ယခုနှစ် ဇွန် ၃၀ ရက်နေ့နှင့် ဇူလိုင် ၁ ရက်နေ့တို့တွင် မြစ်ရေသည် စံချိန်တွင်ကြီးမြင့်မှုဖြစ်ပေါ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များအားလုံးနီးပါး ရေဝင်နစ်မြှုပ်ခဲ့မှုဖြစ်ပေါ်ခဲ့သဖြင့် အလားတူဖြစ်ရပ်မျိုးမဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကွင်းဆင်းစစ်ဆေးလေ့လာရေးအဖွဲ့ဝင်များနှင့် ကြိုတင်ကာကွယ်သွားမည့် လုပ်ငန်းအစီအမံများကို ယနေ့နံနက် ၉ နာရီခွဲက ဧရာဝတီဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ချီဖွေမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ချီဖွေမြို့နယ်၊ ရစ်လော်ခေါင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်း သား/ ‌ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို သြဂုတ် ၁၆ ရက် နံနက် ၁၁ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲသို့ တက်ရောက်

မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်‌ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူနိုင်ရေးအတွက် ပြည်နယ်သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီကကြီးမှူး၍ ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၁၉ ရက် နံနက် ၉ နာရီက ပြည်နယ်ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်နိုင်ရေးကမ်းထိန်းနံရံ၊ ရေထိန်းတံခါးများနှင့် ကမ်းပတ်တာရိုးလမ်းများမြင့်တင်နိုင်ရေး ကွင်းဆင်းလေ့လာစစ်ဆေးရေး အဖွဲ့ဝင်များနှင့် ဧရာဝတီမြစ်ရေ အဓိကဝင်ပေါက်နေရာများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အတွင်း နှစ်စဉ်မိုးရာသီတွင် ဧရာဝတီအထက်ပိုင်း မြစ်ဝှမ်းတစ်လျှောက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကြီးနားမြို့၌ ရေကြီးနစ်မြှုပ်မှုဖြစ်စဉ်များဖြစ်ပေါ်လေ့ရှိရာ မြို့ရေကြီးနစ်မြှုပ်မှုဖြစ်စဉ်မှ ကာကွယ်နိုင်ရေး၊ စံချိန်တင်မြင့်တက်မှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ လျော့ချနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်န်သည် နေပြည်တော်မှ စေလွှတ်ခဲ့သည့် ကွင်းဆင်းလေ့လာစစ်ဆေးရေးအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းတစ်လျှောက် အဓိကရေဝင်ပေါက်နေရာများကို သြဂုတ် ၁၇ ရက်နှင့် ၁၈ ရက်များတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ မိုးရာသီအမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးဆုချီးမြှင့်

ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မိုးရာသီကျောင်းတွင်း အမျိုးသား/ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၊ ငြိမ်းချမ်းသာယာအားကစားရပ်ဝန်းအတွင်းရှိ ငြိမ်းချမ်းသာယာ ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ် ကျေးရွာအုပ်စုများပိုင် လယ်ကွင်းများအတွင်း မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် မိုးစပါးစိုက်ပျိုးမှုလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဒေသအလိုက် တောင်သူများအား စိုက်ပျိုးရေးသွင်းအားစုများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက်ပိုင်းက မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အတွင်း မိုးစပါး ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဗန်းမော်မြို့တက္ကသိုလ်ပေါင်းစုံ မိုးရာသီဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ မိုးရာသီဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က ခရိုင်ပြည်သူ့အားကစားပြိုင်ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ရန်ပုံငွေများခွဲဝေချထားရာတွင် စနစ်တကျစီမံခန့်ခွဲနိုင်ရေးအတွက် ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် ပန်းမြို့တော်အကောင်အထည်ဖော်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ ရာ သြဂုတ် ၁၅ ရက် နံနက် ၇ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ဆွမ်ပရာဘွမ်လမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် သန့်ရှင်းသာယာလှပရေးအတွက် လူထုပူးပေါင်းပါဝင်မှုဖြင့် ပိုမိုကောင်းမွန် သော အမှိုက်စွန့်ပစ်မှုနှင့် စနစ်ကျသော အမှိုက်သိမ်းစနစ် ပေါ်ထွန်းလာစေရေး ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် ဒေသခံရပ်ကွက် နေပြည်သူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်လာစေရေး အတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုနှင့် စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် ဒုတိယအကြိမ်မြို့ သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ မွန်းလွဲ ၁ နာရီက မြို့နယ် စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်