ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား နှင့် ၂၀၂၄ ခုနှစ်၊ သျှမ်းနှစ်သစ်ကူးပွဲနှင့် ကောက်ဦးဆွမ်းကပ်ပွဲ၊ ပညာဘဏ်ကိုယ်ပိုင်အထက်တန်း ကျောင်း၏ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားများသို့ တက်ရောက်အားပေးချီးမြှင့်
ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီက စတင်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက မွန်းလွဲ (၂)နာရီတွင် ဘွဲ့နှင်းသဘင်ခန်းမ၌ တက်ရောက်အားပေးချီးမြှင့်ကြသည်။