ကချင်ပြည်နယ်

ပူတာအိုခရိုင်၌ ရက် (၁၀၀) စီမံချက်အရ ကျေးရွာမြေငှါးဂရန် ဆောင်ရွက်ပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ရက် (၁၀၀) စီမံချက်အရ ကျေးရွာမြေငှါးဂရန် ဆောင်ရွက်ပေးနိုင်ရေးအတွက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံကျေးရွာနေပြည်သူများ တွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၄ ရက် မွှန်းလွှဲ (၁) နာရီက ပူတာအိုမြို့နယ်၊ ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု၊ စာရိတ္ထကျေးရွာ ရာဇီဘက်စုံသုံးခန်းမဆောင်၌ ကျင်းပသည်။

ခေါင်လန်ဖူးမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာနက ရက် ၁၀၀ စီမံချက်ဖြင့် ​ဒေသခံ ပြည်သူများအား ကျန်းမာရေးစစ်ဆေး ကုသပေးခြင်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့၌ ကျန်းမာရေးဝန်ကြီးဌာနက ရက်ပေါင်း ၁၀၀ စီမံချက်ဖြင့် ​​​ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင်​ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သွေးတိုး၊ ဆီးချို​ရောဂါများ စစ်ဆေးကုသခြင်းနှင့် သွေးတိုး၊ ဆီးချိုနှင့်ပတ်သက်သည့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။

ကချင်ပြည်နယ် မိုးစပါးစိုက်လယ်များ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် ဧကအလိုက် သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် သွင်းအားစုများ ပံ့ပိုးပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်စုအတွင်းရှိ လယ်ယာမြေများတွင် မိုးစပါးစိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပလနကျေးရွာအုပ်စုနှင့် နောင်နန်းကျေးရွာအုပ်စုအတွင်း မိုးစပါးစိုက်လယ်များအား ကွင်းဆင်းစစ်ဆေးသည်။

ပူတာအိုခရိုင်၌ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းများနှင့်ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှုစီမံကိန်းလုပ်ငန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို မေ(၄) ရက်နံနက်(၁၁)နာရီက ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအား အသိပေးရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ်အတွင်းရှိ  ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများအား ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၌ ဒေသတွင်းရှိစီးပွားရေးနယ်ပယ်အသီးသီး၌ လုပ်ကိုင်ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များအား အသိပေးရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။

မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ လမ်းသွယ်(၃)၊ နယ်မြေ(၁၅) အတွင်း ပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ လမ်းသွယ်(၃)၊ နယ်မြေ(၁၅)အတွင်း ယမန်နေ့နံနက် ၈ နာရီခန့်က လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

မိုးညှင်းမြို့၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားနှင့် တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းဆောင်ရွက်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအပါအဝင် ခေတ်မီရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ ခင်းကျင်းပြသခြင်း၊ တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းကို ယနေ့နံနက် (၉)နာရီက ခရိုင်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တနိုင်းမြို့ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တနိုင်းမြို့နယ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မေလ ၂ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပလန(၁) ပိတောက်မြိုင်ခေတ်မီစံပြကျေးရွာ (Smart Village) ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ကျေးရွာစာကြည့်တိုက် (Smart Library)အဆောက်အအုံ တည်ဆောက်ပြီးစီးမှုနှင့် သုတ/ရသ စာအုပ်/စာစောင်များ လှူဒါန်း

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စု၊ ပလန(၁) ပိတောက်မြိုင်ခေတ်မီစံပြကျေးရွာ (Smart Village)ရှိ ရွှေပိတောက်ခန်းမ၌ ကျေးရွာနေပြည်သူများနှင့် သွားရောက်တွေ့ဆုံကြသည်။

ရဝမ်အမျိုးသားဥယျာဉ် ခရန်ခူးခန်းမ၌ ရဝမ်လူမျိုးများ၏ ရိုးရာအကသင်တန်းဆင်း

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူးဖွင့်လှစ်သော ရဝမ်လူမျိုးများ၏ရှေးဟောင်းအနုပညာ ရိုးရာအကသင်တန်းဆင်းပွဲအခမ်းအနားကို မေ (၂) ရက် နံနက် (၁၁) နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဥယျာဉ် ခရန်ခူးခန်းမ၌ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်