ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့တွင်းမိန်းလမ်းမများ စိမ်းလန်းစိုပြေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ယပ်ပြီး မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပလာစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လူထုပူးပေါင်းပါဝင်မှုဖြင့် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင် မြစ်ကြီးနားမြို့တွင်းရှိ ပင်မရေနှုတ်မြောင်း အမှတ် (၄) ရှင်းလင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

လာမည့် မိုးရာသီကာလအတွင်း ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့တွင်းရှိ ရေဝပ်နိုင် သည့်နေရာများတွင် အဓိက ဖောက်လုပ်ထားသော ပင်မရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန် ရေးနှင့် ပြည်သူများ ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် ယမန်နေ့ ညနေပိုင်းက မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်း ဖြတ်သန်းသော အမှတ်(၄) ပင်မရေနှုတ်မြောင်း ရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

မိုးညှင်းမြို့နယ် သာယာကုန်းခေတ်မီစံပြကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပထမ ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက သာယာကုန်းခေတ်မီစံပြကျေးရွာရှိ အောင်စည်သာ ယာခန်းမ၌ ကျင်းပသည်။

ပူတာအိုမြို့၌ ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်နှင့် ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့ တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်၌ ယမန်နေ့မွန်းလွဲ (၂)နာရီတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ပွဲတော်အကြောင်း ဩဝါဒခံယူခြင်း၊ ဗုဒ္ဓဆင်းတုတော်ဖြင့် ဗုဒ္ဓနေ့အခမ်းအနားကို မြို့တွင်းသို့ လှည့်လည်ပူဇော်ခံခြင်းနှင့် ညောင်ရေသွန်းပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)၌ ကဆုန်ညောင်ရေသွန်းပွဲနှင့် ပရိတ်တရားတော် နာယူပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ဇေယျာသီရိဘုန်းတော်ကြီးကျောင်းတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)၌ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ယမန်နေ့ ညနေ ၃ နာရီက စည်ကားသိုက်မြိုက် စွာကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (May Day) အခမ်းအနား တက်ရောက်

ကချင်ပြည်နယ်တွင် နှစ်စဉ် မေလ ၁ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ကျင်းပပြုလုပ်ရာ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (May Day) အခမ်းအနား ကို ကချင်ပြည်နယ်အလုပ်သမားရေးရာဦးစီးဌာနက ကြီးမှူး၍ မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ အလုပ်သမားအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

တနိုင်းမြို့နယ်အတွင်းရှိ ချမ်းမြေ့ရွှေပြည်ကျောင်းတိုက်တွင် "ချမ်းမြေ့ရွှေပြည်" RC နှစ်ထပ်ကျောင်းဆောင်တော်ကြီး၏ ပန္နက်တော်တင်မင်္ဂလာနှင့် အလှူတော်ငွေပေးအပ် လှူဒါန်းခြင်းအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ အေးသုခရပ်ကွက် ချမ်းမြေ့ရွှေပြည်ကျောင်းတိုက်တွင် "ချမ်းမြေ့ရွှေပြည်" RC နှစ်ထပ်ကျောင်းဆောင်တော်ကြီး၏ ပန္နက်တော်တင်မင်္ဂလာနှင့် အလှူတော်ငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် နမ္မနကျေးရွာရှိ မဟာလောကနန္ဒာစေတီတော်ရွှေထီးတော်တင်လှူပွဲနှင့် ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံရေစက်ချ အလှူတော်မင်္ဂလာပွဲသို့ တက်ရောက်

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့၌ နှစ်စဉ်မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့ သီတာရပ်ကွက် အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်၌ ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့နယ် သာယာကုန်းခေတ်မီစံပြကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက သာယာကုန်းခေတ်မီစံပြကျေးရွာရှိ အောင်စည်သာယာခန်းမ၌ ကျင်းပသည်။

နိုင်ငံတော်သမ္မတ၏လမ်းညွှန်မှာကြားချက်များနှင့် ရက်ပေါင်း (၁၀၀)ကာလအတွင်း အကောင်အထည်ဖော်လျက်ရှိသည့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

နိုင်ငံတော်သမ္မတ၏လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရက်ပေါင်း ၁၀၀ ကာလအတွင်း ပြည်သူအကျိုးပြု Quick Win လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေက ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများနှင့် တွေဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်