ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပူတာအိုခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များထောက်ပံ့၊ ဒေသအတွက်အခြေခံစားသောက်ကုန်များ ဒုတိယအကြိမ် ထပ်မံတင်ပို့လာမှုအား ကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရေး ပူတာအိုမြို့သို့ ရောက်ရှိနေသော ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။