ကချင်ပြည်နယ်

မြစ်ကြီးနားမြို့၌ အခြေခံအင်္ဂလိပ်စာ (Grammar) နှင့် ကွန်ပျူတာသင်တန်းဆင်းပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ကြီးမှုးဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စာ (Grammar) နှင့် ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ မြစ်ကြီးနားမြို့ပေါ် ဘာသာရေးကျောင်းများသို့ ယာယီတိမ်း‌ရှောင်လာသော ပြည်သူများအား ထောက်ပံ့၊ အင်ဂျန်းခချောင်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းဆ

ကချင်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဖွင့်ချိန်အမီ ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ မေ ၂၅ ရက် နံနက် ၇ နာရီက မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။

မိုးညှင်းမြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်သစ်တောဦးစီးဌာန၏အစီအစဉ်ဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (မိုးညှင်း)၌ ကျင်းပကြောင်း သိရသည်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့နယ်အတွင်း ယာယီတိမ်းရှောင်လာသည့် အိမ်ထောင်စုများအား တွေ့ဆုံအားပေး ထောက်ပံ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ခေတ္တတိမ်းရှောင်လာသည့်အိမ်ထောင်စုများအား ယမန်နေ့နံနက် ၁၀ နာရီခွဲက မြစ်ကြီးနားမြို့နယ်စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့်ပြည်နယ်အစိုးရအဖွဲ့တို့က အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။

မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပ

ကချင်ပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်သူ့အားကစားကွင်းအတွင်း မိုးလုံ လေလုံအားကစားခန်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများနှင့် အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြု/ သားဖွားသင်တန်းကျောင်းများမှ သင်တန်းသား/သင်တန်းသူများ၊ အခြေခံပညာ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။

ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကချင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးပို့လာသော အခြေခံစားသောက်ကုန်များနှင့် သစ်တောပျိုးဥယျာဉ်အတွင်း သစ်ပင်စိုက်ပျိုးပွဲတော်များနှင့် လူထုဖြန့်ဝေပေးနိုင်ရေးတို့အတွက် အရိပ်ရပျိုးပင်များ ပျိုးထောင်ထားရှိမှုများ ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်းတွင် နယ်မြေအခြေအနေအရ ကုန်တင်မော်တော်ယာဉ်ကြီးများဖြတ်သန်းသွားလာမှုမရှိသည့်အတွက် ပူတာအိုခရိုင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်နေထိုင်မှု အဆင်ပြေစေရေး အခြေခံစားသောက်ကုန်များကို လေကြောင်းခရီးစဉ်ဖြင့် တင်ပို့ထောက်ပံ့ပေးနိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ပထမအသုတ်အဖြစ် ယမန်နေ့ နံနက်ပိုင်းက မြန်မာအမျိုးသားလေကြောင်းဖြင့် ပူတာအိုမြို့သို့ တင်ပို့ခဲ့ကြသည်။

တနိုင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အလယ်တန်းအဆင့် ပန်းချီသင်တန်းဆင်းပွဲ ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီက အလယ်တန်းအဆင့် ပန်းချီသင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသားသမီးများ ပညာသင်စရိတ်ထောက်ပံ့ငွေ ပေးအပ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က စုပေါင်းရုံးရှိ ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဗန်းမော်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပွဲ ကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

“သဲကန္တာရတိုက်ဖျက်ရေးနှင့်မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး”

ဖြေကြားသူ- ဦးတူးခေါင် (ခရိုင်ဦးစီးမှူး-ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများ အာရုံစိုက်မိလာစေရန်နှင့်ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ပိုမိုအလေးထားဖြေရှင်း ဆောင်ရွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ် ဖြစ်သည့် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် တွေ့ဆုံမေးမြန်း အသိပညာပေးဆွေးနွေးမှုများကို ပြည်သူများသိရှိစေရန်တင်ပြလိုက်ရပါသည်-
Subscribe to ကချင်ပြည်နယ်