မိုးညှင်းမြို့၌ "သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး"ခေါင်းစဉ်ဖြင့် အငယ်တန်းနှင့် အကြီးတန်းဆောင်းပါးပြိုင်ပွဲ ကျင်းပ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် အငယ်တန်းနှင့် အကြီးတန်းဆောင်းပါးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက တက္ကသိုလ်စာကြည့်တိုက်၌ ကျင်းပခဲ့သည်။