ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပူတာအိုခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်၊ဆရာ/မများနှင့် တွေ့ဆုံ၊ ဆေးဝါးကုသမှုခံယူနေသော လူနာများအား လှည့်လည်ကြည့်ရှုအားပေးစကား ပြောကြား
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဒေသဝမ်းစာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်နိုင်ရန် ပူတာအိုခရိုင်သို့ ရောက်ရှိနေသော ပူတာအိုခရိုင် ဖွံ့ဖြိုးရေး တာဝန်ခံ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ မေ(၃၀)ရက် နံနက်ပိုင်းက ကုတင်(၁၀၀)ဆံ့ ပူတာအိုခရိုင် ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆေးရုံအုပ်၊ ဆရာ/မများနှင့် တွေ့ဆုံအားပေးစကား ပြောကြားသည်။