ကချင်ပြည်နယ်

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲတွင် မချမ်းဘောမြို့နယ်ရှိ ကျောင်းသား/ကျောင်းသူ ၃၆ ဦး ဝင်ရောက်ဖြေဆိုမည်

၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့ထိ ကျင်းပမည့် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲတွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ ၃၆ ဦးဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်းသိရသည်။

တနိုင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာအုပ် စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ ငယ်စဉ်မှစ၍ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲကို မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကာမိုင်းမြို့၌ မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များ နှိုးဆော်ခြင်းနှင့် အသိပညာပေး စာစောင်ဖြန့်ဝေခြင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များ နှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံရေးအသိပညာပေးစာစောင်များ ဖြန့်ဝေခြင်းကို မတ်လ(၆)ရက် ညနေ(၄)နာရီက မီးသတ်ဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် မီးလင်းရေးအတွက် အထမ်ချောင်းရေအားလျှပ်စစ် အကောင်အထည်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် လျှပ်စစ်မီးလင်းရေးအတွက် မြို့နယ်အတွင်းရှိ အထမ်ချောင်းမှတစ်ဆင့် ရေအားလျှပ်စစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။

မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာ ဟောပြောပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုး တက်လာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် စာဖတ်ရှိန်မြှင့်တင်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲ စာအုပ်ပြပွဲနံရံကပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ပူတာအိုမြို့နယ်၌ အလေချီ(ဟင်းခတ်အမွှေးအကြိုင်)အပင် ၄၀၉၀ ဧကခန့်စိုက်ပျိုး

မြန်မာနိုင်ငံမြောက်ဖျားပိုင်း ရေခဲတောင်များဝန်းရံနေသည့် ပူတာအိုမြို့နယ်တွင် ရေခဲတောင်ခြေ ကျေးရွာများတွင် ဒေသအခေါ်အဝေါ်အရ အလေချီ (ဟင်းခတ်အမွေးအကြိုင်) အပင်များအား တွင်ကျယ်စွာ စိုက်ပျိုးလာကြရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းဇယားများအရ ဧက(၄၀၉၀)ဧက ခန့်စိုက်ပျိုးထားကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးငြှိမ်းသတ်ဇာတ်တိုက် လေ့ကျင့်သရုပ်ပြသခြင်းလုပ်ငန်းဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဆင်မ်ဆာ့ကွက်သစ်ရှိ ဆုဝေ စက်သုံးဆီ အရောင်းဆိုင်အား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးငြှိမ်းသတ် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းလုပ်ငန်းကို မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ သည်။

တနိုင်းမြို့တွင် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ မိခင်နှင့် ကလေးကျန်းမာ‌‌ရေးဌာနတွင် ထိုးနှံပေးခဲ့သည်။

မြစ်ကြီးနားမြို့၌ နွေရာသီအားကစားသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုး၍ ကျန်းမာကြံ့ခိုင်သည့် မျိုးဆက်သစ် များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် အားကစားနည်းအလိုက် ဆပ်ကော်မတီများက နွေရာသီအားကစားသင်တန်း (၁၈) မျိုး ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူအင်အား (၁၂၀၀) ကျော် တက်ရောက် လျက်ရှိကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်