ကချင်ပြည်နယ်

မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းပိတ်ရက်အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်လာစေရန်ရည်ရွယ်၍ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ဖုန်ကူးခါ့မိုင်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး  စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ကျင်းပရာ အခြေခံအင်္ဂလိပ်စာသင်တန်းမှ ကျောင်းသားကျောင်းသူ ၁၄ဦးတို့ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

မိုးညှင်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြော

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဖားကန့်မြို့နယ်ရှိ တက္ကသိုလ်ဝင်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင်ခွင့်အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်အလိုက်ဆွေးနွေးပို့ချ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် အောင်ချက်မြင့်မားရေးအတွက် ဖားကန့်မြို့နယ်ရှိ တက္ကသိုလ်ဝင်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသများအား မိုးကောင်း မြို့နယ် အ.ထ.က (၂) ရတနာခန်းမ၌ ယနေ့ နံနက်(၉)နာရီတွင် ဘာသာရပ်အလိုက် ဆွေးနွေးပို့ချလျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာသင်ထောက်ပံ့ငွေပေးအပ်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနသည် လူငယ်ကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှုဖြင့်အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပုံမှန်ပညာရေး မသင်ယူနိုင်သော ထိခိုက်လွယ်အုပ်စုတွင်ပါဝင်သည့် ဆင်းရဲနွမ်းပါးသူများ၊ အမိမဲ့၊ အဖမဲ့များနှင့် ကိုယ်အင်္ဂါမသန်စွမ်းသည့် ကျောင်းပြင်ပပညာရေး အသက်မွေးဝမ်းကြောင်းဆိုင်ရာ ထူးချွန်ကျောင်းသား/သူများအား အသက်မွေးဝမ်းကြောင်း ပညာသင်စားရိတ် ထောက်ပံ့ငွေပေး အပ်ပွဲကို မတ် ၅ ရက် နံနက် ၁၁ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပူတာအိုမြို့နယ်၌ မုန်လာထုပ်စိုက်ခင်းများ အထွက်နှုန်းကောင်းမွန်သဖြင့် တောင်သူများ အပိုဝင်ငွေရရှိ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း ယခုနှစ်စိုက်ပျိုးရာသီတွင် မုန်လာထုပ်စိုက်ခင်းများအထွက် နှုန်းကောင်းမွန်ခြင်းနှင့် မုန်လာထုပ်များ ဈေးကောင်းရရှိသဖြင့် မုန်လာထုပ်စိုက်ပျိုးတောင်သူများ အပိုဝင်ငွေရရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံတော်လုံခြုံရေးတာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများထောက်ပံ့

ကချင်ပြည်နယ်အစိုးရအဖွဲ့က နိုင်ငံတော်လုံခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေ၊ အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက်၏ (၂၂)ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်တော် လောင်းလှူခြင်းရေစက်ချတရားပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက်၏ (၂၂) ကြိမ်မြောက် သံဃာ့ဒါနဆွမ်း ဆန်တော်လောင်းလှူခြင်း ရေစက်ချတရားပွဲကို ရွာနာမ်စေတီဓမ္မာရုံ၌ မတ်(၃)ရက် ညနေ(၄)နာရီတွင် ကျင်းပခဲ့သည်။

မိုးကောင်းမြို့၌ မွေးစမှ အသက် ၂ နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာ (စာထားကွင်း) ဆီထွက်သီးနှံ လယ်ယာကုန်ထုတ်လမ်း ရာနှုန်းပြည့် ပြီးစီးနေမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်၌ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော နန့်လှိုင်ကျေးရွာ (စာထားကွင်း) ဆီထွက်သီးနှံ လယ်ယာကုန်ထုတ်လမ်းအား ရာနှုန်းပြည့်ပြီးစီးမှု အခြေအနေများကို ယမန်နေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝူရှူးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် ဝူးရှူးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

၂၀၂၄ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ သွားရောက်ယှဉ် ပြိုင်နိုင်ရေး လက်ရွေးစင်ကစားသမားများအား စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လက်ရွေးစင်အသင်းအတွက် အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်