ကချင်ပြည်နယ်

ဆွမ်ပရာဘွမ်မြို့ အခြေခံပညာမူလတန်း (ကဘရန်ခူး)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ အခြေခံပညာမူလတန်း (ကဘရန်ခူး)ကျောင်း၌ ကလေးငယ်များ ငယ်ရွယ်စဉ်ကတည်းက စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်လျက် ယမန်နေ့မွန်းလွဲ (၁)နာရီခွဲက အဆိုပါကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆဒုံးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် ဒေသနေပြည်သူများ၊ ကျောင်းသား/ ကျောင်းသူ များ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်သည့် မူးယစ်ဆေးဝါး၏ အန္တရာယ် ကြီးမားပုံကို မျိုးဆက်သစ်လူငယ်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာ စီမံကိန်း ကြီးကြပ်မှုကော်မတီ၏ (၁၂/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများဖြင့် မတည်ရင်းနှီးပေးထားသော စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ထပ်မံရင်းနှီးမတည်ပေးနိုင်ရေး ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း နှင့်အညီ စိစစ်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ်သည် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့၏ (၁၂/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်သည်။

ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြပွဲ၊ ပြိုင်ပွဲများ ဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စိတ်ပျော်ရွှင်စေရန်၊ လူအများရှေ့တွင်ရဲဝင့်စွာ ပြောဆိုတတ်စေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ (၁)နာရီက ပြပွဲ၊ ပြိုင်ပွဲများ ဆောင်ရွက်ခဲ့ကြသည်။

မိုးကောင်းမြို့၌ မွေးစမှအသက် ၂ နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက် (၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့နည်းစေရေး နှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ် (Kaeru Caravan) သို့တက်ရောက်ကြည့်ရှုအားပေး

ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနကကြီးမှူး၍ ကျောင်းသား/ ကျောင်းသူများ သဘာဝဘေး အန္တရာယ်လျော့ချရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် ကလေးသူငယ်များ အတွက် သဘာဝဘေးအန္တရာယ် လျော့နည်းစေရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ် (Kaeru Caravan) နှင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ လေ့ကျင့်သရုပ်ပြခြင်း အခမ်းအနားကို နိုဝင်ဘာ ၆ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးကောင်းမြို့၌ နဂါးရုံစေတီတော် ဌာပနာတော်သွင်းမင်္ဂလာအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ပြည်လုံးချမ်းသာရွှေသာလျောင်းဘုရားကြီးဝင်းအတွင်းရှိ ရေကန်တော်တွင် တည်ထားကိုးကွယ် တော်မူသော နဂါးရုံစေတီတော် ဌာပနာတော် သွင်းမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၈)နာရီတွင် ကျင်းပခဲ့သည်။

ပူတာအိုဒေသထွက် ကျောက်ကြမ်းပိုး(ခေါ်)အင်းဆက်ကောင်များ ယခင်နှစ်ထက်ဈေးကောင်း ရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကျောက်ကြမ်းပိုး(ခေါ်)အင်းဆက်ကောင်များအား ယခင် နှစ်ထက်ဈေးကောင်းပေးဝယ်သဖြင့် ကျောက်ကြမ်းပိုးရှာဖွေသူများ မိသားစုအပိုဝင်ရရှိကြောင်းသိရ သည်။

ဆွမ်ပရာဘွမ်မြို့ ဘာသာရေးကျောင်းများ၌ အလှူငွေများနှင့်အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ရှိ ဘာသာရေးကျောင်းများသို့ အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်ဥနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို နိုဝင်ဘာ(၆) ရက်နံနက် ၇ နာခွဲက အဆိုပါကျောင်းများ၌ ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။

ဗန်းမော်မြို့တွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို မိုးဖိန်းကျေးရွာအုပ်စု တာမိုင်းလုံကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီခန့်က ဗန်းမော်မြို့နယ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဗန်းမော်မြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းမေက ဦးဆောင်၍ စာရင်းကောက်ယူရေးအဖွဲ့များက ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်