ကချင်ပြည်နယ်

မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုနှင့် ပုညဂဝေသီကထိန်အလှူတော်အဖွဲ့၏ (နဝမ) အကြိမ်မြောက် စုပေါင်းဘုံကထိန်အလှူတော် မင်္ဂလာပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းမိသားစုနှင့် ပုညဂဝေသီ ကထိန်အလှူတော်အဖွဲ့၏ (နဝမ) အကြိမ်မြောက် စုပေါင်းဘုံကထိန်အလှူတော် မင်္ဂလာပွဲကို ယနေ့နံနက် ၉ နာရီက မောရဝတီရပ်ကွက်၊ မြို့မကျောင်းတိုက်၌ စုပေါင်းဘုံကထိန် အလှူတော် မင်္ဂလာပွဲ ကျင်းပခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ သင်တန်းဆင်းပွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့နှင့် ဗလမင်းထင် ဧက ၁၀၀ စံပြစိုက်ကွင်း၌ ကျင်းပပြုလုပ်သည့် ဈေး‌ရောင်းပွဲ‌တော်များသို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ အခြေခံစာရင်းပြုဌာနများအတွက် ငွေစာရင်းထိန်း သိမ်းနည်းလမ်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စာရင်းများ (ရသစ-၆) ပြုစုရေးဆွဲနည်း (ရက်တို) သင်တန်း(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနား၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများအား အခြေခံစားသောက် ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မြစ်ကြီးနားမြို့၌ လာချိဒ်တိုင်းရင်းသားတို့၏ ရိုးရာအတီးအမှုတ်၊ အဆိုအက၊ တေးသရုပ်ဖော်ပြိုင်ပွဲ ကျင်းပပြုလုပ်မှုအား ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးချီးမြှင့်

ကချင်တိုင်းရင်းသားမျိုးနွယ်စုဝင် လာချိဒ်တိုင်းရင်းသား ရှေးဘိုးဘွားများ၏ ရိုးရာအမွေအနှစ် များကို ခေတ်စနစ်အလိုက် မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းထိန်းသိမ်းတန်ဖိုးထားတတ် စေရန်အတွက် မြစ်ကြီးနားဇုံနယ်လာချိဒ်စာပေနှင့်ယဉ်ကျေးမှုကော်မတီက ကြီးမှူးကျင်းပပြုလုပ် သော လာချိဒ်ရိုးရာ အတီးအမှုတ်၊ အဆိုအက၊ တေးသရုပ်ဖော်ပြိုင်ပွဲကို မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ (၂)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲက ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။   

မိုးကောင်းမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ(၇)ရက် နံနက်(၉)နာရီတွင် ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။

ဗန်းမော်မြို့ အလက-ခွဲ(ဝက်ကုန်း)တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ(ဝက်ကုန်း) ခန်းမ၌ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၇ ရက် နံနက် ၁၀ နာရီ ခန့်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

တနိုင်းမြို့၌ (၃၅) နှစ်မြောက် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းနှင့်လှုဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် တနိုင်းခရိုင်နှင့် တနိုင်းမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းကာ ယနေ့ နံနက် (၉) နာရီက အဆိုပါရုံး အစည်းအဝေး ခန်းမတွင် ဆွမ်းနှင့်လှူဖွယ် ဝတ္ထုပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပူတာအိုခရိုင်၌ ၂၀၂၃-ခုနှစ် မိုးစပါးများ ရိတ်သိမ်းနေကြပြီဖြစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၃-ခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သည့် မိုးစပါးသီးနှံများကို ယခုလရက်ပိုင်းမှ စတင်ပြီး ရိတ်သိမ်းနေကြပြီဖြစ်ကြောင်း သိရသည်။

မိုးညှင်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်း မြို့တွင် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အခြေခံပညာ ကျောင်းများတွင် လူငယ်ရေးရာနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (နားခါ)တွင် ဟောပြောပွဲကျင်းပခဲ့သည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံတူပန်းချီဆွဲပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးလာစေရန်နှင့် ငယ်စဥ်မှစ၍ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် ပုံတူပန်းချီပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမရှိ ကလေးစာဖတ်ခန်း၌ ယမန်နေ့ညနေ ၃နာရီခွဲကကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်