ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးစီမံကိန်းသင်တန်းများဆင်းပွဲနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ ဝင်ငွေ တိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ပေးခဲ့သော အခြေခံသက်မွေးဝမ်းကျောင်း ပညာသင်တန်းများ ဆင်းပွဲနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ဦးစီးဌာနရုံး လေ့ကျင့် ပျိုးထောင်ရေးစင်တာခန်းမ၌ ကျင်းပပြုလုပ်သည်။