မိုးကောင်းမြို့၌ သတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ဘုန်းကြီးကျောင်းတက် ဘုရားကန်တော့ ကုသိုလ်ယူသူများ စည်ကား
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် သတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် မြို့ပေါ်နှင့် ကျေးရွာတို့ရှိ ဘုန်းကြီးကျောင်းအသီးသီးတို့၌ ဘုန်းကြီးကျောင်းတက် ဘုရားကန်တော့ ကုသိုလ်ယူသူများ စည်ကားလျက်ရှိကြောင်း သိရသည်။