ကချင်ပြည်နယ်

ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ ကျင်းပသည့် မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြပွဲသို့ တက်ရောက် အားပေး

ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနက ကြီးမှူး၍ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံများအတွက် ကျင်းပပြုလုပ်သည့် မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့က မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးကောင်းမြို့၌ အခြေခံလူတန်းစားများအတွက် သက်သာဈေးအရောင်းဆိုင်ဖွင့်လှစ်ရောင်းချပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များအား သက်သာဈေးနှုန်းဖြင့် ဝယ်ယူရရှိရေး သက်သာဈေးအရောင်းဆိုင်ကို ယမန်နေ့ နံနက်(၉)နာရီခွဲတွင်  ဈေးကုန်းရပ်ကွက် စည်ပင်သာယာဈေးအနီး၌ ဖွင့်လှစ်ရောင်းချသည်။

ဝိုင်းမော်မြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြစ်ကြီးနားမြို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂)တို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ (၁)ရက် နံနက် ၁၀နာရီက ဝိုင်းမော်မြို့ ရပ်ကွက်(၂) အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ခန်းမတွင် ကျင်းပခဲ့သည်။

မချမ်းဘောမြို့နယ်တွင် သစ်တောပြုစုထိန်းသိမ်းခြင်းနည်းစနစ်၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်းနှင့် CF တည်ထောင်ခွင့် လက်မှတ်ပေးအပ်

ကချင်ပြည်နယ် ၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ဒေသခံပြည်သူများ၏ သစ်တောထွက်ပစ္စည်း လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ သစ်တောပြုစုထိန်းသိမ်းခြင်း နည်းစနစ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်းနှင့် CFလက်မှတ်ပေး အပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီက မချမ်းဘောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး မလိခအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွမ်ပရာဘွမ်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် အသက်(၂)လမှစ၍ (၁)နှစ်ခွဲကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့သည်။

ပူတာအိုမြို့၌ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ဝါးများကို မူလအတိုင်း ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်လုပ်၍ ရောင်းချလျှင် ဝင်ငွေပိုမိုရရှိစေခြင်းကြောင့် ဒေသထွက်ဝါးများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်တတ်လာနိုင်စေရန်၊ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်စေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ လက်မှုအနုပညာ ပစ္စည်းများကို စိတ်ကူးဉာဏ်ရှိသလို ထုတ်လုပ်တတ်စေရန်နှင့် ဆင်းရဲမှုလျှော့ချရေးကို တဖက်တလှမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၁၁)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်မနောလိဂ်ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ဘောလုံးဒိုင် သင်တန်းဖွင့်ပွဲ ကျင်းပ

ကချင်ပြည်နယ် ကိုယ်စားပြု ဖွဲ့စည်းတည်ထောင်ထားသည့် မနောလိဂ်ဘောလုံး ကော်မတီမှ ကြီးမှူး၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်းကာ ဘောလုံးဒိုင်လူကြီး သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၃၁ ရက် နံနက် ၁၁ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှင့် ပြည်နယ်ရန်ပုံငွေဖြင့် တိုးချဲ့အဆောက်အဦသစ်များ တည်ဆောက်နေမှုများကို ဇန်နဝါရီ ၃၀ ရက် နံနက် ၁၁ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လုပ်ငန်းများသတ်မှတ်ချိန်အမီပြီးစီးအောင် ဆောင်ရွက်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မိုးမောက်မြို့နယ်၌ မြို့နယ်အဆင့် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင်(၂၀၂၃-၂၀၂၄)ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် ၁၀ နာရီက အ.ထ.က ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ G-11 ကျောင်းသား၊ ကျောင်းသူများက "ကြိုဆိုပါသည် စုံညီပွဲတော်သီချင်း" ဖြင့် တေးသရုပ်ဖော်ကပြ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးကြောင်း သိရသည်။

ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့၌ သားအိမ်ခေါင်း ကင်ဆာရောဂါနှင့် မျိုးဆက်ပွားကျန်းမာရေးအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ကြီးမှူး၍ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြစ်ကြီးနားမြို့ရှိ နိုင်ငံ့ဝန်ထမ်း အမျိုးသမီးများအား သားအိမ်ခေါင်း ကင်ဆာရောဂါနှင့် မျိုးဆက်ပွားကျန်းမာရေးအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်