ကချင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုချီးမြှင့်နိုင်ရေး ဆုစိစစ်ရွေးချယ်လျက်ရှိ
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရေးအတွက် လုပ်ငန်းများဖော်ဆောင်ရေးဆိုင်ရာ စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်နယ်အဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းဆုရွေးချယ်နိုင်ရေး ဆုရွေးချယ်ရေး လုပ်ငန်းကော်မတီက ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ စိစစ်ရွေးချယ်ဆောင်ရွက်ခဲ့ကြသည်။