အ.ထ.က-မိုးမောက်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မိုးမောက်မြို့နယ် ရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းသားလူငယ်များ လမ်းမှားမလျှောက်မိစေရန်ရည်ရွယ်၍ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ် ၁ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။