ကချင်ပြည်နယ်တရားလွှတ်တော်၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားသူကြီးများ၊ တိုင်း/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တရားလွှတ်တော်တရားရေးဦးစီးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာကြားချက်များ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကျင်းပ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တရားလွှတ်တော် တရားရေးဦးစီးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မှာကြားချက်များအား ကချင်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၁၈ ရက် နံနက် ၉ နာရီက ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည်။