ဝိုင်းမော်မြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ်တွင် ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမုခ်ဦးတွင် ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်အား ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။