ကချင်ပြည်နယ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ တက်ရောက်

(၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရောက်ရှိနေသာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဇန်နဝါရီ (၉)ရက်က မွန်းလွဲ ၃ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့၌ ကျင်းပသည့် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

မံစီမြို့တွင် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အား ရိုးရာအစဉ်အလာနှင့်အညီ မနောအက စုပေါင်းဆင်နွှဲ

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ဌာနေ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်ခြင်းကို ဖော်ထုတ်ပြသသည့် မနောအကဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ ၌ (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦဉာဏ်ထွန်း ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ် လျှပ်စစ်အင်ဂျင် နီယာရုံးတွင် ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/ အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ (၈) ရက် ညနေ ၃ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး စတုတ္ထ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲဆုချီးမြှင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ၊ ပြခန်းပြပွဲများ၊ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက မလိခခန်းမ၌ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ အခမ်းအနားများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ကျင်းပပြုလုပ်ခဲ့သည်။

(၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ကို မြစ်ကြီးနားမြို့၌ မနောအက၊ ပြခန်းပြပွဲများ၊ မီနီမာရသွန်ပြိုင်ပွဲ အပါအဝင် အားကစားပြိုင်ပွဲများဖြင့် (၃)ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်တော့မည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် မြစ်ကြီးနားမြို့၌ အဖွင့်မနောအက၊ အပိတ်မနောအက၊ ပြခန်းပြပွဲများ၊ မီနီမာရသွန်အပါအဝင် အားကစားပြိုင်ပွဲများအပြင် ပြည်နယ်နေ့အထိမ်းအမှတ် လမ်းဖွင့်ပွဲ၊ ပန်းခြံဖွင့်ပွဲများဖြင့်(၃)ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၅ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ဗန်းမော်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်အလိုက် ဆွေးနွေးပို့ချနေသည့် နေရာများသို့ ဗန်းမော်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည် တက်ရောက်အားပေးဆွေးနွေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်အလိုက် ဆွေးနွေးပို့ချနေသည့် နေရာများသို့ ယနေ့ နံနက် ၉ နာရီမှစတင်၍ ဗန်းမော်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နေသွယ်ကြည်နှင့် ဒုတိယပါမောက္ခချုပ်များက တက်ရောက်အားပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက် ပြိုင်ပွဲဖွင့်ပွဲနှင့် မနောအက၊ အားကစားပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှု

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ၊ ပြခန်းပြပွဲများ၊ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက် ၇ နာရီက မြစ်ကြီးနားမြို့ Northern Star ဂေါက်ကလပ်၌ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်သည်။
Subscribe to ကချင်ပြည်နယ်