ကချင်ပြည်နယ်

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့ဝင်များဖြင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆွေးနွေးတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာကွန်ကရစ်လမ်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းကို ဘီလူးကျေးရွာအုပ်စု စုစည်းအောင်မြေကျေးရွာ၌ ယမန်နေ့ နံနက် (၁၀)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မိုးညှင်းဗဟိုအကျဉ်းထောင်၌ အကျဉ်းသား၊ အကျဉ်းသူ (၃၉)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်တွင် ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းဗဟိုအကျဉ်းထောင်တွင် အကျဉ်းသား၊ အကျဉ်းသူ (၃၉)ဦးအား  ယမန်နေ့ နံနက် (၁၁)နာရီ က အကျဉ်းထောင်အစည်းအဝေးခန်းမ၌ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် အချုပ်ထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ (၄)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် အချုပ်ထောင်တွင် ဇန်နဝါရီလ ၄ ရက်က ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ (၄)ဦး လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့  ညနေ‌ ၄ နာရီခွဲခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

ဗန်းမော်အကျဉ်းထောင်၌ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ အကျဉ်းသား၊ အကျဉ်းသူ (၄၉)ဦး လွှတ်မြောက်

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ အကျဉ်းထောင်မှ အကျဉ်းသားအကျဉ်းသူ (၄၉)ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ဆောင်းရာသီ ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်

ကချင်ပြည်နယ် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက် နေကြသည့် ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများအတွက် ဆောင်းရာသီ ပါ‌မောက္ခချုပ်ဖလား အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃ ရက် ညနေ ၃ နာရီက တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက် ဖွင့်လှစ်ပေးသည်။

မိုးညှင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျေးရွာကွန်ကရစ်လမ်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းကို ဘီလူးကျေးရွာအုပ်စု စုစည်းအောင်မြေကျေးရွာ၌ ယမန်နေ့ နံနက် (၁၀)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မြို့မအားကစားကွင်း၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇန်နဝါရီ ၄ ရက် နံနက် ၉ နာရီမှ စ၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ ရွှင်ပွဲနှင့်အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးညှင်းဗဟိုအကျဉ်းထောင်၌ အကျဉ်းသား၊ အကျဉ်းသူ (၃၉)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်တွင် ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းဗဟိုအကျဉ်းထောင်တွင် အကျဉ်းသား၊ အကျဉ်းသူ (၃၉)ဦးအား ယနေ့ နံနက် (၁၁)နာရီက အကျဉ်းထောင်အစည်းအဝေးခန်းမ၌ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်