ကချင်ပြည်နယ်

မိုးညှင်းဗဟိုအကျဉ်းထောင်၌ အကျဉ်းသား၊ အကျဉ်းသူ (၃၉)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်တွင် ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းဗဟိုအကျဉ်းထောင်တွင် အကျဉ်းသား၊ အကျဉ်းသူ (၃၉)ဦးအား ယနေ့ နံနက် (၁၁)နာရီက အကျဉ်းထောင်အစည်းအဝေးခန်းမ၌ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မိုးညှင်းတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတို့တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာ စွာဖြင့် ရောင်းချပေး

ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)ကျောင်းတို့တွင် ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းဝင်းတို့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာဖတ်စွမ်းရည်၊ ကဗျာရွတ်နှင့်ပန်းချီပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် ကျောင်းသားကျောင်းသူများ နှုတ်မှုစွမ်းရည်တိုးတက်လာစေရန်နှင့်စာဖတ်စွမ်းရည်မြင့်မားလာစေရန်အတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာဖတ်စွမ်းရည်၊ ကဗျာရွတ်နှင့်ပန်းချီပြိုင်ပွဲကို ဇန်နဝါရီ(၃)ရက် နံနက်(၁၀)နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

မိုးမောက်မြို့နယ် Community Centre ခန်းမ၌ လွတ်လပ်ရေးနေ့အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်းကို ကျောင်းသားလူငယ်လူရွယ်များ  သိရှိတန်းဖိုးထားတတ်စေရန်နှင့် လွတ်လပ်ရေးနေ့သမိုင်းကြောင်းကိုသိရှိပြီး ချစ်မြတ်နိုးထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍  လွတ်လပ်ရေးနေ့အကြောင်း အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇန်နဝါရီ ၃ရက် နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်များပြသ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက ဝိုင်းမော်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

မချမ်းဘောမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့်လက်ကမ်း စာစောင်များဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၄ခု နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ ညနေ ၃ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့ မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြေ၍ သန့်ရှင်းသာယာလှပရေး မြို့ဝင်ဆိုင်းဘုတ်၊ ပန်းခြံများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြေ၍ သန့်ရှင်းသာယာလှပသော မြို့ပြစနစ်တစ်ခု ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများနှင့် ယမန်နေ့ နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပလျက်ရှိသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စတင်ကျင်းပနေမှုအား ကြည့်ရှုအားပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါ အားကစားပြိုင်ပွဲများကို မြစ်ကြီးနားမြို့၌ သတ်မှတ်နေရာအလိုက် ကျင်းပပြုလုပ်နေမှုကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

မိုးကောင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အခြေခံပညာကျောင်းများ၌ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် (၁၁)နာရီတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်