ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ မန်ခိန်ရပ်ကွက် မေခဝန်ထမ်းအိမ်ရာအနီး သက်သာစျေး ရောင်းချပေးနေမှု ကြည့်ရှုအားပေး
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာလှပပြီး စနစ်ကျသော လူနေမှုပတ်ဝန်းကျင်ကောင်းများ ဖြစ်လာစေရေးနှင့် ရာသီအလိုက် အလှပန်းပင်များဖြင့် ဝေဆာစိမ်းလန်းစိုပြေနေစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ယနေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် မြို့သစ်ကြီးရပ်ကွက်အတွင်း သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့သည်။