မံစီမြို့နယ် ခိုင်ဝေစည် (ဝန်ထမ်းပေါင်းစုံ) ငွေစုငွေချေးသမဝါယမအသင်း (လီမိတက်)၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ခိုင်ဝေစည်(ဝန်ထမ်းပေါင်းစုံ)ငွေစုငွေချေး သမဝါယမအသင်း(လီမိတက်)၏ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယမန်နေ့ ၁၀ နာရီက မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။