ပူတာအိုလွင်ပြင်ပတ်လမ်းတွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်သည့် လမ်းပိုင်းအားကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း သဘာဝအခြေခံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုမည့် ပူတာအိုလွင်ပြင်ပတ်လမ်းကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်သမဝါ ယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနတို့က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေ းနှစ်အတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင် ရွက်သည့် လုပ်ငန်းများကို အောက်တိုဘာ(၂)ရက် နံနက်ပိုင်းက ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး ဦးဝင်းသန့်အောင်နှင့်တာဝန်ရှိသူများကကွင်းဆင်းစစ်ဆေးသည်။