ကချင်ပြည်နယ်

တနိုင်းမြို့ အခြေခံပညာ မူလတန်းလွန်-မုန်ဒိန်ကျောင်း၌ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ အခြေခံပညာမူလတန်းလွန်-မုန်ဒိန်ကျောင်း၌ နယ်လှည့်ကွင်းဆင်း ဟောပြောပွဲကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက် အတွင်း စိုက်ပျိုးရေဖူလုံစွာရရှိရေးနှင့် လယ်တောဝင်/ထွက်လမ်းများ ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက်အတွင်း တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၇ ရက် ညနေ ၄ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒေသခံတောင်သူများနှင့် သွားရောက်တွေ့ဆုံသည်။

ကချင်ပြည်နယ်အတွင်း ခရီးသွားများ တစ်နှစ်ထက်တစ်နှစ်ဝင်ရောက်မှု နှုန်းမြှင့်တက်လာပြီး ဘဏ္ဍာနှစ် (၂)နှစ်အတွင်း ဟိုတယ်နှင့်တည်းခိုရိပ်သာ၊ ခရီးသွားလှည့်လည်ရေးလုပ်ငန်းနှင့် ဒေသဆိုင်ရာဧည့်လမ်းညွှန်များအတွက် လုပ်ငန်းလိုင်စင်အသစ် ခွင့်ပြုပေးနိုင်ခဲ့

ကချင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်(၂)နှစ်အတွင်း ဟိုတယ်နှင့်တည်းခိုရိပ်သာ(၆၉)လုံး၊ ခရီးသွားလှည့်လည်ရေးလုပ်ငန်း(၆၁)ခုနှင့် ‌ဒေသဆိုင်ရာဧည့်လမ်းညွှန်(၁၆၇)ဦးတို့အတွက် လုပ်ငန်းလိုင်စင်အသစ် ခွင့်ပြုချထားပေးနိုင်ခဲ့ကြောင်း ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သည့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။

မချမ်းဘောမြို့နယ်၌ ဂရိတ်ဖရုအသီးခြံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ရှောက်မျိုးနွယ်အောက်ခံပျိုးပင်များ အခမဲ့ ဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ခရီးစဥ်လမ်းညွှန်ချက်အရ ဒေသခံပြည်သူများ ဝင်ငွေတိုးပွားရေး ဂရိတ်ဖရု အသီးခြံများ တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ရှောက်မျိုးနွယ်အောက်ခံပျိုးပင်များကို ယနေ့မွန်းလွဲ ၂နာရီတွင်  တောင်သူများထံ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့် ကချင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ၂/၂၀၂၃ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ၂၀၂၃ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ အံတော်ရှင်တောင်တန်း သာသနာပြုကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ မြစ်ကြီးနားမြို့ ခေမာသီဝံကျောင်းတိုက်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသအမှူးပြုသော ဆရာတော်/ သံဃာတော်များ ကြွရောက်တော်မူကြသည်။

မိုးညှင်းတက္ကသိုလ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုရရှိသူများအား ဆုများချီးမြှင့်

ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ဆုရရှိသူများအား ဆုများချီးမြှင့်ပွဲကို ယနေ့နံနက်(၁၁)နာရီက ရတနာခန်းမ၌ ကျင်းပသည်။

ဝိုင်းမော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community center) ခန်းမ၌ အာဇာနည်နေ့ အသိပညာပေး Talk Show ပြုလုပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀) နာရီက ဝိုင်းမော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ကျင်းပသည်။

ဆဒုံးမြို့၊ (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် Talk Show ပြုလုပ်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ (၁) နာရီက "အာဇာနည်နေ့အကြောင်း သိကောင်းစရာ" Talk Show ပြုလုပ်ခဲ့သည်။

နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၌ လူငယ်စကားဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်းရှိ လူငယ်များ အသိပညာဗဟုသုတတိုးပွား၍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် စာပေဟောပြောပွဲများနှင့် လူငယ်စကားဝိုင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)ရှိ ဟောခန်းမ၌ လူငယ်စကားဝိုင်းကျင်းပရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးအောင်သူက လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ဟဲလုံခေတ်မီ စံပြကျေးရွာ ထူထောင်ရေးစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ က ယနေ့ နံနက်(၉)နာရီက သွားရောက်ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
Subscribe to ကချင်ပြည်နယ်