ဝိုင်းမော်မြို့နယ်တွင် အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
ကချင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် အယ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် နောင်တာလော ကျေးရွာ သာသနာ့ရက္ခိတ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ သည်။