ကချင်ပြည်နယ်

မိုးကောင်းမြို့၌ မွေးစမှအသက် ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ(၅)ရက် နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မချမ်းဘောမြို့နယ်၌ ဗလငါးတန်ဖွံဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်ပါ လူမှုရေးဦးတည်ချက် တတိယအချက်ဖြစ်သည့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ၊ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟူသည့်   ဦးတည်ချက်နှင့်အညီ လူငယ်များအားစာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်လာစေရန်၊ စာဖတ်စွမ်းရည်တိုးတက်လာစေရန် ပူးပေါင်းပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ထရန်ဒမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ထရန်ဒမ်း)၌ ကျင်းပခဲ့သည်။

မိုးညှင်းတက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Week) ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုများအဖြစ် ဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲများကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် လူငယ်သီတင်းပတ် (Youth Week) ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုများအဖြစ် အသိပညာပေးဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲများကို စက်တင်ဘာလ(၄)ရက်မှစတင်၍ တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများအား ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုးနှင့်မွေးမြေူရေး အထက်တန်းကျောင်းတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရပ်တွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအား ယနေ့နံနက် (၉)နာရီခွဲက ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် အသက်(၁၀)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၇၈) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနိုင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့၌ ဒေသခံပြည်သူများသက်သာချောင်ချိရေး အခြေခံစာသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြစ်ကြီးနားမြို့၊ ရန်ကြီးအောင် ရပ်ကွက်ရှိ၊ ရန်ကြီးအောင်ဈေးအနီးသက်သာချောင်ချိရေး အရောင်းဆိုင်များတွင် ယနေ့ နံနက် ၇ နာရီက အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြသည်။

မချမ်းဘောမြို့နယ်၌ ၂၀၂၃ ခုနှစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် လူငယ်များအားကစားစိတ်ဓာတ် ပိုမိုမြှင့်တင်လာစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်များ လျော့ကျလာစေရန် ရည်ရွယ်၍ မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံး ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မလိခအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထား သည့် ချေးငွေများအား အကျိုးရှိစွာ အသုံးချမှုအပေါ် ကချင်ပြည်နယ် စိစစ်ကြပ်မတ်ရေးအဖွဲ့က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများအကျိုးရှိစွာ အသုံးချမှုအပေါ် ကချင် ပြည်နယ်စိစစ်ကြပ်မတ်ရေးအဖွဲ့၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်း က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလတ်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း သင်တန်းများဆင်းပွဲကျင်းပ

မြစ်ကြီးနားမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလတ်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လက်ရက်ကန်း၊ ဖဲနှတ်ကောက်သင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကို ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ ခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် လူငယ်နှင့်အားကစားကဏ္ဍဆိုင်ရာ စကားရည်လုပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများ ဆုချီးမြှင့်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်နှင့်အားကစားကဏ္ဍဆိုင်ရာ စကားရည်လုပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများ ဆုချီးမြှင့်ပွအခမ်းအနားကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်