မြစ်ကြီးနားမြို့၌ ကလေးသုံးမွှာပူးမွေးဖွားသည့် မိသားစုအား ထောက်ပံ့ငွေများ ပေးအပ်
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်းနှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့၊ ပုဂ္ဂလိပိုင် အေးသုခဆေးရုံကြီး၌ စက်တင်ဘာ ၄ ရက် နံနက် ၆ နာရီခွဲက ကလေး သုံးမွာပူးမွေးဖွားခဲ့သည့် မိသားစုအား ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ပေးအပ်သည်။