ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဌာနဆိုင်ရာဝန်ထမ်းများအတွက် Introduction to Database System သင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲနှင့် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်ဆုချီးမြှင့်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကချင်ပြည်နယ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆိုင်းဘုတ် တင်ပွဲအခမ်းအနားကို မေ ၅ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ်ပညာရေးမှူးရုံးရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။

ဆွမ်ပရာဘွမ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့၌ သဘာဝဘေး ကြိုတင်ကာကွယ်ရေးနှင့် ဉရုချောင်းရှင်းလင်းခြင်း ဆောင်ရွက်နေသည့် လုပ်ငန်းများ အခြေအနေ ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ဉရုချောင်းရှင်းလင်းခြင်း ဆောင်ရွက်နေ့သည့် လုပ်ငန်းများအခြေအနေ ညှိနှိုင်‌ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်း‌ကျောင်း (ဗန်းမော်)၏ သင်တန်းကျောင်းခန်းမ၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄)ဖွင့်ပွဲအခမ်းအနားကို   ယမန်နေ့နံနက် ၉နာရီခန့်ကကျင်းပခဲ့ကြောင်း သိရသည်။

ပြန်လည်အခြေချနေထိုင်သည့် ကျေးရွာများအား ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံစီးပွားရေးနှင့်ကုန်သွယ်ရေးသံမှူးတို့ ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ နေရပ်စွန့်ခွာ ပြည်သူများအား ၎င်းတို့၏ မူလနေရပ်ကျေးရွာသို့ ရွှေ့ပြောင်းနေထိုင်နိုင်ရေး တရုတ်နိုင်ငံမှ ထောက်ပံ့ငွေ ယွမ်(၄)သန်းဖြင့် အိမ်ထောင်စုများ၏ နေအိမ်များ ပြုပြင်ဆောက်လုပ်ခြင်း၊ အသစ်တည်ဆောက်ပေးခဲ့ခြင်းများ စီမံဆောင်ရွက်ပေးခဲ့ရာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကုန်သွယ်ရေးသံမှူး Mr.Tan Shufu (မစ္စတာတန်ရှူဖူ)၊ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက် ၈ နာရီက အဆိုပါ အိမ်ထောင်စုများ၏ နေထိုင်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မံစီမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် တန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်သမဝါယမဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ မေ ၈ ရက် နံနက် ၁၀ နာရီက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် တန်းဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

မိုးညှင်းမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို မေ (၈)ရက် နံနက် (၉)နာရီခွဲမှ (၁၂)နာရီထိ စုပေါင်းရုံးတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မချမ်းဘောမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကျေးလက်ဒေသရှိလူငယ်လူရွယ်များအား အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်လာနိုင်စေရန်ရည်ရွယ်၍ ပူတာအိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ထရန်ဒမ်းကျေးရွာအုပ်စု ဆင်လွမ်ဒမ်း -၂ ခန်းမဆောင်၌ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြှုပ်နှံခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း မိုးစပါးအပါအဝင် တစ်နှစ်သုံးသီးဖြင့် သီးထပ်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် လယ်မြေ များအတွင်း မြေသြဇာမြေဆီမြေနှစ်များ ပြည့်ဝနေစေရေး စိုက်ပျိုးထားခဲ့သည့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်ပင်)များအား ယမန်နေ့နံနက် ၈ နာရီခွဲက ထယ်ထိုးမြှုပ်နှံခြင်း ကွင်းသရုပ်ပြပွဲကို ကျင်းပပြုလုပ်သည်။

ပူတာအိုမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ပူတာအိုမြို့)၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၅)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉) နာရီက အဆိုပါ အိမ်တွင်းမှုသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်