ကချင်ပြည်နယ်

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်လာစေရန်နှင့် လူအများရှေ့တွင် ရဲရဲဝံ့ဝံ့ပြောဆိုတတ်စေရန်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ကျင်းပသည်။

တနိုင်းမြို့နယ်၌ နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် (ဗဟို)မြို့မကျောင်းတိုက်၌ ဖွင့်လှစ်သည့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက အဆိုပါ ကျောင်းတိုက်၌ ကျင်းပခဲ့သည်။

တနိုင်းမြို့နယ် ကလေးစာဖတ်ခန်း၌  ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်ပြောပြခြင်း အစီအစဉ်များ ဆောင်ရွက်ပေး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီ အားလပ်ရက်၌ ပျော်ရွှင်စေရန်နှင့် ဗဟုသုတရရှိစေရန်၊ စာဖတ်သည့်အလေ့အထများ ရရှိစေရန်၊ ဉာဏ်ပညာ တိုးတက်မြင့်မားစေရန် ရည်ရွယ်၍  ပုံပြင်ပြောခြင်းအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီခွဲက မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ က‌လေးစာဖတ်ခန်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

တနိုင်းမြို့နယ်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ တွေ့ဆုံဆွေးနွေး

ကချင်ပြညနယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ တွေ့ဆုံဆွေးနွေးပွဲကို မေလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နေရပ်စွန့်ခွာပြည်သူများ ပြောင်းရွှေ့နေရာချထား‌ပေးသည့် ဆွတ်ကြိုင်ကျေးရွာမှ အိမ်ထောင်စုများနှင့် တွေ့ဆုံပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ ယာယီခိုလှုံရာစခန်းနေ ပြည်သူများ နေရပ်ပြန်လည် နေထိုင်နိုင်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုအတွင်း မိုင်းနားစိန့် ဂျိုးဇက်စခန်းမှ ပြန်လည်နေရာချထားပေးသည့် ဆွတ်ကြိုင်ကျေးရွာသို့ သွားရောက်ကွင်းဆင်းခဲ့ကြသည်။

မိုးညှင်းမြို့တွင် အခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသားမိဘများနှင့် တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် အခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသားမိဘများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉)နာရီခွဲက အ.ထ.က (၂)ကျောင်း မြတ်သရဖူခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတောင်သူများထံ ရင်းနှီးမတည်ငွေများ ထုတ်ချေးဆောင်ရွက် လျက်ရှိသည့်အပြင် ဒေသတွင်းဝမ်းစာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့နယ်အတွင်း မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ပူတာအိုခရိုင် ဒေသဝမ်းစာဖူလုံရေးအတွက် မျိုးပြောင်းလဲစိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများအား အထူးအထွက်တိုး ဆင်းဧကရီ-၃မျိုး စပါးများ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပူတာအိုခရိုင်အတွင်း ဒေသဝမ်းစာဖူလုံရေးနှင့်စိုက်ပျိုးရေး ထုတ်ကုန်သီးနှံများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် လုပ်ငန်းစီမံချက်များရေးဆွဲပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲက ပူတာအိုမြို့ မြို့မရပ်ကွက် စိုက်ပျိုးရေး သိုလှောင်ရုံဝင်း၌ ဒေသခံ‌တောင်သူများအား အထူးအထွက်တိုးဆင်း ဧကရီ-၃ မျိုးစပါးများ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။

မိုးညှင်းမြို့နယ် နန့်လှိုင်‌ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) နေကြာရိတ်သိမ်းနေမှုအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ (ဆီထွက်သီးနှံ)စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် (ဆီထွက်သီးနှံ) နေကြာရိတ်သိမ်းနေမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တနိုင်းမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် နယ်မြေခံတပ်မတော်သားများ ပူးပေါင်း၍ လူထုအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် နယ်မြေခံတပ်မတော်သားများ ပူးပေါင်း၍ စုပေါင်း သန့်ရှင်းရေးကို ယမန်နေ့နံနက် (၇) နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်