ကချင်ပြည်နယ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံး ညီလာခံကျင်းပခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ စည်းလုံးညီညွတ်စွာ ပေါင်းစည်းနိုင်ခဲ့သည့် ၁၉၄၆ ခုနှစ် မေ ၅ ရက်နေ့ကို အစွဲပြုကာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အဖြစ် ကျင်းပလာခဲ့ရာမှ ၂၀၂၃ ခုနှစ် ယနေ့ကျ‌ရောက်သည့် (၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနက ယနေ့နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်သည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်လာစေရန် ရည်ရွယ်၍ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းကို ယနေ့ နံနက် (၉)နာရီက ခရိုင် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဗန်းမော်၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ပြုလုပ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မင်းကုန်းရပ်ကွက်ရှိ ခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရွှေကူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်းများ တက်ရောက်နိုင်မည့် ပညာရေးလမ်းသွယ်များအကြောင်း ရှင်းလင်းဆွေးနွေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်းများ တက်ရောက်နိုင်မည့် ပညာရေး လမ်းသွယ်များအကြောင်း ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့၌ မွေးစမှ ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက် (၂)နှစ်အောက် ကလေးငယ်များအား လစဉ် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဗန်းမောက်မြို့၌ ကဆုန်လညောင်ရေသွန်းလောင်းပွဲနှင့် ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် မြန်မာသက္ကရာဇ်(၁၃၈၅)ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်မှစ၍ မဟာဗောဓိ ညောင်ရေသွန်းလောင်းပွဲနှင့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မြို့မစေတီကုန်း ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ရွှေကူမြို့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် နိုင်ငံပိုင် အခန်းရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် နိုင်ငံပိုင်အခန်း ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ပွဲအခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်စဉ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်စဉ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ မြစ်ကြီးနားမြို့ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်၌ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စေတီတော်ဝင်းအတွင်းရှိ ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်သည်။
Subscribe to ကချင်ပြည်နယ်