ကချင်ပြည်နယ်

ဗန်းမော်မြို့တွင် နွေရာသီ ယဥ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် အလှူရှင်ဂုဏ်ပြုပွဲ အခမ်းအနား ပြုလုပ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် (၁၉)ကြိမ်မြောက် အရုဏ်ဦးနွေရာသီယဥ်ကျေးလိမ္မာ သင်တန်းဆင်းပွဲနှင့် အလှူရှင်ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲမှ နေ့လည် ၁ နာရီအထိ မင်းလှရပ်ကွက်၊ မင်းလှဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချီဖွေမြို့နယ်၌ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ မြို့နယ်ထွေအုပ်အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ဗန်းမော်မြို့ သမိုင်းဝင်ရွှေကျီးနားမဟာစေတီတော်မြတ်ဝင်းအတွင်း၌ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပပြုလုပ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သမိုင်းဝင်ရွှေကျီးနားမဟာစေတီတော်မြတ် ဘုရားဝင်းအတွင်း၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ခရိုင်မီးသတ်တပ်ဖွဲ့မှ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ ၂၀၂၃ခုနှစ်၊ မေလ(၅)ရက်တွင် ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များသည် ယနေ့နံနက်(၁၀)နာရီခွဲက ထီးလင်းသာသနာ့ဗိမာန်ကျောင်း၌ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မှော်စီစာကျေးရွာ သီရိရတနာစိမ်း ဓမ္မရိပ်သာကျောင်းတိုက်၌ လိုတရရွှေသာလျောင်းဘုရားကြီး၊ ကျောက်စိမ်းဘုရား ဌာပနာသွင်းလှူပူဇော်ပွဲ၊ ဆွမ်းဆန်လောင်းလှူပူဇော်ပွဲနှင့် ပညာသာမိဗိမာန်တော် ရေစက်ချ အလှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ သီရိရတနာစိမ်း ဓမ္မရိပ်သာကျောင်းတိုက်၌ ဆရာတော်ဘုရားကြီး ကိုယ်တိုင်ဦးစီးပြီး တည်ထားတော်မူသည့် လိုတရရွှေသာလျောင်း ဘုရားကြီး၊ ကိုးပေအမြင့်ရှိ ကျောက်စိမ်းတုံး၊ အဘယလာဘမုနိရုပ်ရှင် တော်မြတ်ကြီးအစရှိသည့် ကျောက်စိမ်းဘုရားဌာပနာသွင်း လှူပူဇော်ပွဲ၊ ဆွမ်းဆန်လောင်းလှူပူဇော်ပွဲနှင့် ပညာသာမိဗိမာန်တော် ရေစက်ချ အလှူပူဇော်ပွဲကို မေ(၁)ရက်မှ (၃)ရက်ထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ ကြောင်း သိရသည်။

မိုးကောင်းမြို့နယ်လုံးဆိုင်ရာ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကဆုန်လပြည့်ဗုဒ္ဓဟူးနေ့ ဒသမအကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေသာလျောင်းပုရဝုဏ်အတွင်ရှိ မဟာဗောဓိပင်၌ ယမန်နေ့ ညနေ (၃)နာရီတွင် ကျင်းပခဲ့သည်။

တနိုင်းမြို့နယ်တွင် ကိုဗစ်ရောဂါကာကွယ်ရေး Mask Campaign ပြုလုပ်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ နေအိမ် ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးစေရန်ရည်ရွယ်၍ မေလ ၄ ရက်၊ နံနက် ၈ နာရီခွဲက ပူးပေါင်းအဖွဲ့ဖြင့် လူစည်ကားရာနေရာများ၌ Mask Campaign ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ဆွမ်ပရာဘွမ်မြို့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ခြင်းနှင့် ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူ ဇော်ခြင်း အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ ဓမ္မစင်္ကြာရွတ်ဖတ် ပူဇော်ခြင်းနှင့် ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်၌ (၇၇)နှစ်မြောက်မြန်နိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မံစီမြို့မဈေး၌ ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်မြန်နိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၁၀ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇတ်တိုက်လေ့ကျင့်ခဲ့သည်။

ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် မြို့နယ် တရားရုံးအဆောက်အအုံသစ်ဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်းပေါင်း(၄၁၅)သန်းဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့်  RC တစ်ထပ် မြို့နယ်တရားရုံးအဆောက်အအုံသစ်ဖွင့်ပွဲ အခမ်း အနားကို ယနေ့ နံနက်(၉)နာရီက မချမ်းဘောမြို့၊ ရပ်ကွက်(၃)ရှိ အဆိုပါမြို့နယ် တရားရုံးသစ်‌ရှေ့၌ ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်